Wut hmone shwe yee biography of michael


ဝတ်မှုန်ရွှေရည်

ဝတ်မှုံရွှေရည်
မွေးဖွား () ၁၀ ဩဂုတ်၊ ၁၉၈၈ (အသက်&#;၃၆)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
နိုင်ငံလူမျိုးရှမ်း-မြန်မာ
အလုပ်အကိုင်သရုပ်ဆောင် မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၅–လက်ရှိ
အရပ်၅&#;ft ၁&#;in (၁.၅၅&#;m)
ကိုယ်အလေးချိန်၁၀၁ ပေါင် (၄၆ ကီလိုဂရမ်)
ရရှိသည့်ဆုများ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု (၂၀၁၃၊ ၂၀၁၄)

ဝတ်မှုန်ရွှေရည် သည် မြန်မာနိုင်ငံသား ရုပ်ရှင်မင်းသမီးနှင့် ကြော်ငြာမော်ဒယ်တစ်ဦးဖြစ်သည်။ ချစ်စရာကောင်းသော အမူအရာများကြောင့် လူကြိုက်များသည့် မင်းသမီးတစ်ဦးဖြစ်သည်။ ဝတ်မှုန်ရွှေရည်ကို ကစ်ကစ် ဟုလည်း လူသိများသည်။ [၁]

ငယ်ဘဝ

[ပြင်ဆင်ရန်]

ဝတ်မှုန်ရွှေရည်သည် ဩဂုတ်လ ၁၀ရက်နေ့၊ ၁၉၈၈ခုနှစ်တွင် ဦးဝင်းသိန်းနိုင်၊ ဒေါ်မီမီလွင်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူသည် မြန်မာရုပ်ရှင်မင်းသမီး ဖွေးဖွေး နှင့် ညီအစ်မ တစ်ဝမ်းကွဲတော်စပ်သည်။

အနုပညာလမ်းကြောင်း

[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ်တွင် ဝတ်မှုန်ရွှေရည်သည် ကြော်ငြာများ ရိုက်ကူး၍ စတင် သရုပ်ဆောင်ခဲ့သည်။ သူ၏ ပထမဆုံး ခေါင်းဆောင်ရိုက်ကူးသော ဇာတ်ကားမှာ ‘‘ဘာဘီအရုပ်ကလေး’’ဖြစ်ပြီး အောင်ရဲလင်းမှာ ခေါင်းဆောင်မင်းသားဖြစ်သည်။ သူသည် လက်ရှိတွင် ဗီဒီယို ဇာတ်ကားပေါင်း ၄၀ကျော်ရိုက်ကူးပြီးဖြစ်သည်။ [၂] ရန်ကုန်မြို့တွင် ရှိသော ကြော်ငြာ ဘီလ်ဘုတ်များနှင့် ကြော်ငြာများစွာတွင် ဝတ်မှုန်ရွှေရည်၏ ကြော်ငြာများက တစ်ဝက်ခန့်နေရာယူထားသည်။ ဝတ်မှုန်ရွှေရည်နှင့် အတွဲအညီဆုံး မင်းသားမှာ ပြေတီဦးဖြစ်သည်။ ကြော်ငြာများစွာနှင့် ဗီဒီယိုများစွာတွင် မင်းသားပြေတီဦးနှင့် တွဲဖက်သရုပ်ဆောင်ထားသည်။ ပထမဆုံး အဓိက ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးသည့် ‘‘နင်စေရင်’’ ရုပ်ရှင်ဇာတ်ကားတွင် ပြေတီဦးနှင့် အတူ သရုပ်ဆောင်ထားသည်။

နိုင်ငံတကာချစ်ကြည်ရေးဇာတ်ကားများ

[ပြင်ဆင်ရန်]

ဘန်ကောက်မှ မန္တလေးသို့ထိုင်းမြန်မာချစ်ကြည်ရေး ဇာတိမြေဂျပန်မြန်မာချစ်ကြည်ရေး တိမ်တွေပေါ်ကပန်းကိုရီးယားမြန်မာချစ်ကြည်ရေးရိုက်ကူးပြသခဲ့ပြီး ပုဂံရတနာသိုက်တရုတ်မြန်မာ ဆက်လက်ရိုက်ကူးမည်ဟုသိရသည်။

ပြင်ပဘဝ

[ပြင်ဆင်ရန်]

ဝတ်မှုန်ရွှေရည်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အရပ် ၅ပေ ၄လက်မ (၁.၆၃ မီတာ) ရှိပြီး အလေးချိန် ၁၀၁ပေါင် (၄၆ကီလို) ရှိသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဝတ်မှုန်ရွှေရည်သည် MG Myanmar ဥက္ကဋ္ဌ နှင့် သတ္တမမြောက်အာရုံ ပူးတွဲတည်ထောင်သူ နိုင်ဖြိုးကျော်နှင့် လက်ထပ်ခဲ့သည်။[၃] နိုင်ဖြိုးကျော်သည် မြန်မာနိုင်ငံတွင် ဗွီဗွီအချိုရည်ကို ထုတ်လုပ်သော Immature Circle ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။ သူ၏ စစ်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခြင်းကြောင့် စစ်အာဏာသိမ်းဆန့်ကျင်သူများက ဝတ်မှုန်ရွှေရည်စုံတွဲအား သပိတ်မှောက်ကြရန် တောင်းဆိုထားကြသည်။[၄]

လူမှုရေးလုပ်ငန်းများ

[ပြင်ဆင်ရန်]

ဝတ်မှုန်ရွှေရည်သည် ပရဟိတလုပ်ငန်းအဖြစ် ဒီဇင်ဘာလ(၄)ရက်၊ ၂၀၁၁ခုနှစ်တွင် ကျင်းပသော ပြေတီဦး၏ ပြေတီဦးပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲတွင် စင်္ကာပူသွားမည့် အစီအစဉ်ကို ဖျက်သိမ်း၍ ပါဝင်ဖျော်ဖြေခဲ့သည်။ သူသည် သူ၏ အနုပညာကြေးအားလုံးကို ဖောင်ဒေးရှင်း အတွက်လှူဒါန်းခဲ့သည်။

အမျိုးသမီးဇာတ်ဆောင်ဆု

[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီးမြင့်သည့်အခမ်းအနားတွင် နင်စေရင်ဇာတ်ကားဖြင့်အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည်။

၂၀၁၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ဆု ချီးမြှင့်သည့်အခမ်းအနားတွင် နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိခဲ့ပြန်သည်။

ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားများ

[ပြင်ဆင်ရန်]

ခုနှစ် ဇာတ်ကား တွဲဖက် သရုပ်ဆောင်များ
၂၀၀၉ နတ်သမီးချစ်တဲ့ပင်လယ်နေတိုး၊ ဆုရွှန်းလဲ့
၂၀၀၉ ဖေချစ်လူမင်း
၂၀၀၉ ဘာဘီအရုပ်ကလေးအောင်ရဲလင်း
၂၀၀၉ အန်ကယ်ဖေဖေလူမင်း
၂၀၀၉ အနေအထိုင်မတတ်တဲ့ကြယ်နေတိုး
၂၀၀၉ ချိန်ခွင်နေတိုး၊ ထွန်းအိန္ဒြာဗို
၂၀၀၉ ပေါင် ၂၀၀ ကိုယ့်ချစ်သူအောင်ရဲလင်း၊ ပွင့်
၂၀၁၀ ဝတ်မှုန်မျှော်တဲ့လိပ်ပြာစိုင်းစိုင်းခမ်းလှိုင်
၂၀၁၀ အချစ်နှင့်အနီးတဝိုက်သာယာမည်နေတိုး
၂၀၁၀ အချစ်ကိုရချင်ပြီခန့်စည်သူ
၂၀၁၀ ပင်လယ်တွစ်မိုးအောင်ရင်
၂၀၁၁ ဝတ်မှုန်ဝိုင်၏ အပြင်းစားရသပြေတီဦး
၂၀၁၁ အိပ်မက်၏ တစ်ဖက်ခြမ်းမှာအောင်ရဲလင်း
၂၀၁၁ ရူးရူးမူးမူးရင်ထဲကဦးလူမင်း
၂၀၁၁ ၂၁ရာစုစင်ဒရဲလားအောင်ရဲလင်း
၂၀၁၁ ဘဝန္တောဒေါ့ကွမ်းနေတိုး
၂၀၁၁ ကျွန်တော့်ချစ်သူနှင့် သူမ၏ စပွန်ဆာကိုကိုမင်းမော်ကွန်း
၂၀၁၁ အချစ်က စားတယ်ဟိန်းဝေယံ
၂၀၁၁ မဆိုးပါနဲ့ကောင်မလေးစိုင်းစိုင်းခမ်းလှိုင်
၂၀၁၁ ရွှေလင်ဗန်းနဲ့ ပန်းကမ်းသူပြေတီဦး
၂၀၁၁ တိမ်ညိုစီးတဲ့ပန်းကကြိုးခန့်စည်သူ
၂၀၁၁ စိတ်ကောက်ခြင်းသည်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်စိုင်းစိုင်းခမ်းလှိုင်
၂၀၁၁ ချစ်မယ်ဆိုတာကြီးပဲအောင်ရဲလင်း
၂၀၁၁ တကယ်ချစ်လားမြင့်မြတ်
၂၀၁၁ ယုံကြည်ခြင်းနှင်းဆီပြေတီဦး
၂၀၁၁ နင့်ပြေတီဦး
၂၀၁၁ ဒီကောင်မလေးအတွက်ပြေတီဦး
၂၀၁၁ ဖျက်ခနဲငြိမိုးအောင်ရင်
၂၀၁၁ ပထမဆုံးချစ်တာနင်ပြေတီဦး
၂၀၁၁ ပြန်လာပါကိုကိုနေတိုး
၂၀၁၁ ကြယ်ကြွေပုံပြင်နေတိုး
၂၀၁၁ ခေတ်ကာလဖခင်လူမင်း၊ ကျော်ကျော်
၂၀၁၂ မျှော်လင့်ခြင်းလေးအောင်ရဲလင်း
၂၀၁၂ မိန်းမသုံးယောက်ယူမယ့်လူနေတိုး
၂၀၁၂ ပီကေလူမင်း၊ ခိုင်သင်းကြည်
၂၀၁၂ သင်္ကြန်ဂိမ်းအောင်ရဲလင်း
၂၀၁၂ ချစ်ရင်ဖက်ထားပြေတီဦး

ရုပ်ရှင်ဇာတ်ကားကြီးများ

[ပြင်ဆင်ရန်]

ထူးချွန်ဆုရရှိမှုနှင့် ဆန်ကာတင်စာရင်းဝင်မှုများ

[ပြင်ဆင်ရန်]

ခုနှစ် ဆုအမည် ဆုအမျိုးအစား ဇာတ်ကား မှတ်ချက်
၂၀၁၃ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအမျိုးသမီးဇာတ်ဆောင်ဆု နင် စေရင် ဆုရရှိ
၂၀၁၄ အမျိုးသမီးဇာတ်ပို့ဆု နှလုံးသားဖြင့် ပြုလုပ်သည် ဆုရရှိ
၂၀၁၆ အမျိုးသမီးဇာတ်ဆောင်ဆု ချစ်လှစွာသော အမုန်း ဆန်ကာတင်
၂၀၁၇ အမှောင်တွေ ရွာချတဲ့ မိုးတိမ် ဆန်ကာတင်
၂၀၁၈ ရန်သူ ဆန်ကာတင်
၂၀၁၉ လိပ်ပြာစံအိမ် မကျင်းပရသေး

ကိုးကား

[ပြင်ဆင်ရန်]